၁။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်
“တောင်သူ့တံတား”
TTTD - Farmers’ Bridge ကုမ္ပဏီသည် ပြည်တွင်းစိုက်ပျိုး တောင်သူများအတွက် သီးနှံများ၏အရည်သွေး
ပြည့်ဝစေရေးအပြင် သီးနှံများ စျေးကွက်တင်ပို့မှုအထိ ထောက်ပံ့မှု ကွင်းဆက်တစ်ခုလုံးအတွက်
နည်းပညာဆိုင်ရာ စျေးကွက်နှင့်ငွေကြေးဆိုင်ရာ ထောက်ပံ့မှု များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိသည့်အပြင်
သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအတွက် ကာဗွန်လျှော့ချခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပါသည်
။ “တောင်သူ့ကွန်ရက်” အမည်ဖြင့် စိုက်ပျိုးရေး နှင့်ပတ်သက်သော
နည်းပညာများမျှဝေပေးခြင်း ၊ “တောင်သူ့စျေး” အမည်ဖြင့် စျေးကွက်ဆိုင်ရာဝန်ဆောင်မှုများ အပြင် “တောင်သူ့စီးပွား” အမည်ဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်သော ကျေးလက်ဒေသ
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနှင့်
နည်းပညာဆိုင်ရာ ထောက်ပံ့မှုများကို ဝန်ဆောင်မှုပေးပါသည်။
ကျွန်ုပ်တို့၏မျှော်မှန်းချက်
တောင်သူတစ်ဦးတစ်ယောက်ချင်းတိုင်းအတွက်
စိုက်ပျိုးရေးတွင်လိုအပ်သော အရင်းအမြစ်နှင့် နည်းပညာများ လက်လှမ်းမှီနိုင်စေရေး၊ ထိုက်သင့်သော အကျိုးမြတ်များရှိစေရေး နှင့် ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး
အပြင် ဒေသတွင်းသီးနှံမျိုးများကိုထိန်းသိမ်းပြီး ပြည်တွင်းစားနပ်ရိက္ခာစနစ်ကို ထောက်ပံ့ပေးရန်
မျှော်မှန်းထားသည်။
ကျွန်ုပ်တို့၏ဆောင်ရွက်မှု
ဆန်းသစ်သောစျေးကွက်ဖန်တီးမှု ၊ စဥ်ဆက်မပြတ်ဆန်းသစ်တီထွင်မှုများဖြင့်
ကျေးလက်နေ ပြည်သူများနှင့်အတူ (တောင်သူများ၊ အမျိုးသမီးများ နှင့် လူငယ်များ) နှင့်အတူ
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို
ချဲ့ထွင်၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေး၊ စိုက်ပျိုးရေးဝန်ဆောင်မှုများနှင့်
ကျေးလက်စီးပွားရေး မိတ်ဖက်များနှင့်အတူ ပူးပေါင်း၍ အကောင်ထည်ဖော်လျှက်ရှိသည်။
You need to Sign in to view this feature
This address will be removed from this list