Refund policy

"တောင်သူ့ဈေး" ငွေပြန်အမ်းခြင်းဆိုင်ရာ မူဝါဒ (Refund Policy)

"တောင်သူ့ဈေး" မှ ဝယ်ယူသူများ၏ စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ ဦးစားပေးဖြစ်ပါသည်။ အကယ်၍ ဝယ်ယူထားသော ကုန်ပစ္စည်းများတွင် အဆင်မပြေမှုရှိပါက အောက်ပါမူဝါဒများအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၁။ ငွေပြန်အမ်းခွင့်ရှိသော အခြေအနေများ

ဝယ်ယူသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီပါက ငွေပြန်အမ်းခြင်း (သို့မဟုတ်) ပစ္စည်းလဲလှယ်ခြင်းကို တောင်းဆိုနိုင်ပါသည်။

  • ကုန်ပစ္စည်းသည် မှာယူထားသော ပစ္စည်းမဟုတ်ဘဲ မှားယွင်းနေခြင်း။

  • ကုန်ပစ္စည်းသည် လက်ခံရရှိချိန်တွင် ပျက်စီးနေခြင်း (သို့မဟုတ်) အရည်အသွေး လုံးဝမကောင်းခြင်း။

  • ကုန်ပစ္စည်း အလေးချိန် (သို့မဟုတ်) ပမာဏသည် ဖော်ပြထားသည်ထက် သိသိသာသာ လျော့နည်းနေခြင်း။

  • မှာယူထားသော ကုန်ပစ္စည်းကို သတ်မှတ်ထားသော အချိန်ထက် အလွန်အမင်း နောက်ကျပြီးမှ ရရှိခြင်း။

၂။ အချိန်ကန့်သတ်ချက် (Time Limit)

ကုန်ပစ္စည်း အမျိုးအစားအလိုက် အောက်ပါအတိုင်း အကြောင်းကြားရမည် -

  • ပုပ်သိုးလွယ်သော ထွက်ကုန်များ (ဥပမာ - ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ): ပစ္စည်းလက်ခံရရှိပြီး ၂၄ နာရီအတွင်း အကြောင်းကြားရမည်။

  • စိုက်ပျိုးရေးသွင်းအားစုနှင့် SME ထုတ်ကုန်များ (ဥပမာ - မျိုးစေ့၊ မြေဩဇာ၊ အထုပ်အပိုးပါ ကုန်စည်): ပစ္စည်းလက်ခံရရှိပြီး ၃ ရက်အတွင်း အကြောင်းကြားရမည်။

၃။ ငွေပြန်အမ်းခွင့်မရှိသော အခြေအနေများ

  • ဝယ်ယူသူ၏ အမှားကြောင့် ကုန်ပစ္စည်း ပျက်စီးသွားခြင်း။

  • ကုန်ပစ္စည်းကို အသုံးပြုပြီးမှ (သို့မဟုတ်) အထုပ်အပိုး ဖောက်ပြီးမှ စိတ်ကြိုက်မတွေ့၍ ပြန်ပေးလိုခြင်း။

  • မျိုးစေ့နှင့် ဓာတ်မြေဩဇာများကဲ့သို့သော ပစ္စည်းများတွင် မူလအပိတ်အဆို့ (Seal) ပျက်စီးနေခြင်း။

  • အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ဝယ်ယူပြီးမှ စိတ်ပြောင်းသွားခြင်း။

၄။ အရောင်းကိုယ်စားလှယ် (Agent) မှတစ်ဆင့် ဆောင်ရွက်ခြင်း

"တောင်သူ့ဈေး" သည် ကိုယ်စားလှယ်ကွန်ယက်ဖြင့် လည်ပတ်သောကြောင့် -

  • ဝယ်ယူသူသည် ပြဿနာရှိသော ကုန်ပစ္စည်းကို မိမိဝယ်ယူခဲ့သည့် အရောင်းကိုယ်စားလှယ်ထံသို့ ဦးစွာ အကြောင်းကြားရမည်။

  • အရောင်းကိုယ်စားလှယ်သည် ကုန်ပစ္စည်းအခြေအနေကို စစ်ဆေးပြီး ပလက်ဖောင်း၏ စနစ်အတွင်းသို့ Refund တောင်းဆိုမှု (Claim) တင်ပေးရမည်။

  • ကိုယ်စားလှယ်မှတစ်ဆင့် အတည်ပြုပြီးပါက ပလက်ဖောင်းမှ ငွေပြန်အမ်းခြင်းကို လုပ်ဆောင်ပေးပါမည်။

၅။ ငွေပြန်အမ်းမည့် နည်းလမ်းနှင့် ကြာမြင့်ချိန်

  • ငွေပြန်အမ်းမှုကို အတည်ပြုပြီးနောက် ရုံးဖွင့်ရက် ၃ ရက်မှ ၅ ရက်အတွင် ဝယ်ယူသူ ပေးချေခဲ့သော နည်းလမ်း (ဥပမာ - Kpay, WavePay, Bank Transfer) အတိုင်း ပြန်လည် ထည့်သွင်းပေးပါမည်။

  • ပို့ဆောင်ခ (Delivery Fee) ကိုမူ ပြန်လည်အမ်းပေးမည် မဟုတ်ပါ။ (ကုန်ပစ္စည်းမှားယွင်းမှုကြောင့် ဖြစ်ပါက ခြွင်းချက်အနေဖြင့် စဉ်းစားပေးပါမည်။)

၆။ လိုအပ်သော အထောက်အထားများ

Refund တောင်းဆိုရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည် - ၁။ အမှာစာအမှတ် (Order ID) ၂။ ပျက်စီးနေသော (သို့မဟုတ်) မှားယွင်းနေသော ကုန်ပစ္စည်း၏ ဓာတ်ပုံ/ဗီဒီယို မှတ်တမ်း ၃။ ဝယ်ယူခဲ့သည့် အရောင်းကိုယ်စားလှယ် အမည်


အကူအညီလိုအပ်ပါက ဆက်သွယ်ရန်:

  • ဖုန်း: 09942909049 , 09693311185